Tuesday, October 5, 2010

"အဇ္ဈတ္တ"

အလင်းရောင်တန်းတစ်ခုထဲက
သဘာဝအမှုန်တွေလို ..........။

စီးဆင်းတဲ့မြစ်ရေရဲ့
ညစ်ပေနေတဲ့အညစ်အကြေးတွေလို ..............။

ကာရန်၊ အတားအဆီးမရှိတဲ့
မော်ဒန်ကဗျာခရီးလို ...............။

ဟင်းလင်းပြင်ကြီးထဲ
လွတ်လပ်စွာလမ်းသလားရဲတာသူမပဲ။

သူမရဲ့နားခိုရာကတော့
အပြင်းဆုံးအလင်းရှင်
အသန့်ရှင်းဆုံးရေအိုင်
စည်းစနစ်တင်းတင်းဂန္ထ၀င်တွေလို
ဣနြေ္ဒရှင် ဗဟိဒ္ဓဖြစ်
သူမကတော့ ဟင်းလင်းဖြစ်ချင်ဖြစ်စေ
လွတ်လွတ်လပ်လပ်နေရတာ မနောမွေ့တယ်ဆိုပဲ။

ဒါပေမယ့် .....................
အဲဒီဟင်းလင်းပြင်သူမကိုပဲ
ဟိုလူကဆွဲ၊ ဒီလူကဆွဲနဲ့
လဲနေရင်လဲထူ
တွဲလို့ကူသူကကူရဲ့
ဒီလိုနဲ့ပဲသူမဟာ
ဘာမှမရှိတဲ့ပလာကြီးဖြစ်သွားတော့တယ်လေ ။ ။

သားလတ်


( ' သင်းကွဲငှက်တစ်ကောင်ရဲ့ဒိုင်ယာရီ ' ကဗျာစာအုပ်မှ )

1 comments:

မိုးယံ said...

အဲဒီဟင်းလင်းပြင်သူမကိုပဲ
ဟိုလူကဆွဲ၊ ဒီလူကဆွဲနဲ့
လဲနေရင်လဲထူ
တွဲလို့ကူသူကကူရဲ့
ဒီလိုနဲ့ပဲသူမဟာ
ဘာမှမရှိတဲ့ပလာကြီးဖြစ်သွားတော့တယ်လေ ။ ။


တစ်ညိုးကြီးနော် (ကိုယ့်အတွေးကိုပြောပါတယ်)

Related Posts Plugin for WordPress, Blogger...