လေပြည်ငယ်ရဲ့ တို့ထိမှုလို
နူးညံ့မှုက သူ့ဂုဏ်ဒြပ်ပေါ့ ။
မုန်တိုင်းတစ်ခုရဲ့ အစလို့ဆိုရင်
အဲဒီ့မုန်တိုင်းရဲ့ အဆုံးဟာလည်းသူပါပဲ။
ဖြူစင်ခြင်း ရှင်းသန့်ခြင်း
ပြီးတော့ အေးမြခြင်းတွေနဲ့
ဒါ - ပကာသနကင်းတဲ့ အခင်းအကျင်းတစ်ခုလေ။
ဘယ်လိုပဲဖြစ်ဖြစ်
ချစ်သူတို့ရဲ့ သင်္ကေတ
ဒါမှမဟုတ် နိမိတ်ပုံတစ်ခု
အဲဒါတွေက သူဖြစ်ခဲ့တယ် ။ ။
သားလတ်
(၂၀၀၁ခုနှစ်-ဇွန်လ၊ မှုခင်းရှုထောင့်မဂ္ဂဇင်း)
0 comments:
Post a Comment