အိပ်မက်ဖူးသည်
တစ်ရံဆီက၊ မမီဘဝ
အလှပြည့်ပန်း၊ မနမ်းရှိုက်ဖူး
အချစ်ဦးသူနှင့်၊ ပျော်မြူးလျှောက်သွား
နေရာများစွာ၊ အနားမှာကြည့်
ပီတိလှိုင်းခတ်၊ ရင်ခုန်တတ်ခဲ့။
ကိုယ့်အခက်အခဲ
သူပဲဖြေရှင်း၊ လက်ချင်းတွဲဆုပ်
ခြေမရုပ်သိမ်း၊ နှုတ်တို့တိမ်းပါး
သူ့စော်ကားလည်း၊ အနားမှာနေ
ဘယ်လေမငဲ့၊ သူလှည့်မကြည့်
သည်ထိတွယ်တာ၊ ဖယ်ခွာမရ
ကာလများစွာ၊ ကျေနပ်လာခဲ့။
ပျော်စရာပြည့်
သင်္ချေနေ့များ၊ တွေ့ထားမဝ
ကြည်နူးရမှု၊ ရင်မှစုထွေး
ခဏလေးဖြစ်၊ အဝေးပစ်ခွာ
ဘယ်နေရာပြေး၊ လွမ်းလို့ဆွေးစဉ်
တစ်ရေးနိုးမှာ မှုန်မှိုင်းရီ ။ ။
သားလတ်
( ' သင်းကွဲငှက်တစ်ကောင်ရဲ့ဒိုင်ယာရီ ' ကဗျာစာအုပ်မှ )
Monday, October 4, 2010
Copyright 2009 အဖြူရောင်လမ်းကလေး. Powered by Blogger
Blogger Templates created by Deluxe Templates
Wordpress by Nattywp
0 comments:
Post a Comment