Friday, October 1, 2010

"ပြောရဘူးနော်" (၁)

ချစ်သောသူနှင့်
လက်ချင်းဆင့်ကမ်း၊ ကမ်းလင့်လမ်းမှာ
အကြင်နာဝေ၊ မေတ္တာဝေလျှက်
မပျက်သစ္စာ၊ ယုယစွာနှင့်
ချစ်လာခဲ့မိ၊ ချစ်ခဲ့၏လေ။

ပိတောက်စံပယ်
ခရေရယ်ခင်း၊ အေးမြသင်းသော
ပန်းခင်းလမ်းထက်၊ တွဲလက်ခိုင်မြဲ
တို့လျှောက်ဆဲတွင်၊ ပြောမြဲစကား
ချစ်တေးသွားနှင့်၊ ချစ်ကားချစ်ခဲ့
နေပျော်ရဲ့လေ။

အချစ်နှင့်ပျော်
အဖော်နှင့်တွဲ၊ လျှောက်လှမ်းဆဲမှာ
ပြောလာစကား၊ တို့နားခါးမည်
မုန်းသွားပြီဟု၊ သည်တစ်ခုတော့
ဘယ်တော့များမှ၊ ပြောရဘူးနော် ။ ။

သားလတ်


( ' အနမ်းတစ်ရှိုက်ဖြစ်တည်ရာရင်ခွင်ဦး ' ကဗျာစာအုပ်မှ )

0 comments:

Related Posts Plugin for WordPress, Blogger...