မြတ်စွာဘုရားသည် နတ်ပြည်သို့ကြွ၍ မယ်တော် တော်စပ်ခဲ့သော နတ်သားကို ၀ါတွင်းသုံးလ တရားချီးမြှင့် ပြီးနောက် လူ့ပြည်သို့ ပြန်ကြွလာခဲ့သည်။ မြတ်စွာဘုရား ပြန်ကြွလာသည်ကို ဆီမီးဖြင့် ပူဇော်ကြ၏။ ထို့အပြင် မိဘကျေးဇူး ဆပ်သည်ဆိုသော အထိမ်းအမှတ်ဖြင့် မိဘ၊ ဘိုးဘွား၊ ဆရာသမားတို့ကို ကန်တော့ကြရာ သီတင်းကျွတ်လပြည့်နေ့ နှင့် လပြည့်ကျော်တစ်ရက်တို့တွင်
လပြည့်နေ့နားနီးစဉ်က အိမ်ကိုဖုန်းဆက်ရင်း လပြည့်ကျော်တစ်ရက်မှာ ဖုန်းခေါ်၍ မိဘများကို ကန်တော့မည် ဖြစ်ကြောင်း ကြိုပြောထား၏။ လပြည့်နေ့နံနက် Site ထဲမှာ အလုပ်သမားများကို Safety နှင့် ပတ်သက်၍ ပြောရသော ဟောပြောပွဲငယ် (Tool Box Talk) မှာ မြန်မာများကို နေ့ထူးနေ့မြတ်နှင့် ပတ်သက်ပြီး ပြောစရာ ရှိသောကြောင့် မြန်မာလိုပြောခွင့်ပြုရန် Construction Manager ထံ ခွင့်တောင်းပြီး သတိပေးစကား အနည်းငယ် ပြောပြဖြစ်သည်။
' ယနေ့လပြည့်နေ့ဖြစ်ကြောင်း၊ ဘုရားဆွမ်းကပ်၊ ဆီမီးထွန်း၊ မိဘများထံ လပြည့်ကျော်တစ်ရက်မှာ ဖုန်းဖြင့် လှမ်းဆက်၍ ကန်တော့သင့်ကြောင်း၊ ချစ်သူရည်းစား ရှိသူများ ဖုန်းခအကုန်ခံ၍ ဆက်သလို၊ မိဘများကို ကန်တော့ခြင်းဖြစ်၍ ပိုဆက်သင့်ကြောင်း' သတိပေးလိုက်သည်။ တချို့ဆို ကျွန်တော်ပြောမှ လပြည့်နေ့မှန်း သိကြောင်း၊ ဟောပြောပွဲ အပြီး လာပြောကြသည်။
အိမ်မှာတော့ ယခင်နေ့ကတည်းက ဇနီးသည်က Clementi NTUC မှ သစ်သီးများ ၀ယ်လာသည်။ မိုးမလင်းခင် ကျွန်တော် အလုပ်မသွားမီမှာ ဆွမ်းရော၊ သစ်သီးပါ အဆင်သင့် ပြင်ပေး၏။ ဘုရားဆွမ်းကပ်ပြီး ကျွန်တော် အလုပ်သွားခဲ့သည်။ ဇနီးက လပြည့်နေ့မှာ ဥပုသ်စောင့်၏။
လပြည့်ကျော်တစ်ရက်နေ့မှာတော့ အလုပ်က အပြန်ညနေမှာ အိမ်ကိုဖုန်းဆက်၍ အမေ နှင့် အဖေကို ကန်တော့သည်။ ရန်ကုန်မှာ ရှိစဉ်ကတည်းက 'ကာယကံ၊ ၀စီကံ၊ မနောကံ နှင့် ပြစ်မှားမိလျှင် ခွင့်လွှတ်ပါ' ဟု ဆိုကာ ကန်တော့ နေကျ။ ဇနီးသည်လည်း သူ့အဘိုး၊ အဘွားအိမ် လှမ်းဆက်သည်။ သူ့မိဘများ၊ အဘိုး၊ အဘွားအိမ် ရောက်နှင့် နေသည်ကို သိ၍ ဆက်လိုက်ရာ တစ်ချက်ခုတ် လေးငါးချက် ပြတ်တော့သည်။
မိဘများသာမက၊ အဒေါ်များပါ ရောက်နေ၍ အားလုံးကို ရော၍ ကန်တော့လိုက်သည်။ တချို့ အဒေါ်များက ကန်တော့ ခံချင်၍ လှမ်းပြီးစနောက်ကြရာ ကျွန်တော်က 'မြန်မာထုံးစံ ကန်တော့ပြီး မုန့်ဖိုးပြန်ပေးရမယ်နော်' ဟု ဆိုရာ 'လေနဲ့ကန်တော့တာ လေပဲပြန်ရမှာပေါ့' ဟု ပြန်စကြ၏။ အားလုံးသည် ပျော်ရွှင် ကြည်နူးနေကြသည့်ပုံ။ ဇနီး၏အဒေါ်များက သူတို့မိဘများကို ကန်တော့ကြသည်ဟု သိရ၍ ဇနီးသည်၏ အဘိုး၊ အဘွားအိမ်မှာ လူစုံနေသည့်နှယ်။
ကျွန်တော်တို့ အိမ်မှာလည်း အစ်ကိုကြီးနှင့် ညီလေးက မိဘများကို ကန်တော့ပြီးလေပြီ။ ကျွန်တော်က အဘိုးပဲ ရှိတော့၍ အဘိုး နှင့် အိမ်မှာရှိသော အဒေါ်ကို လှမ်းကန်တော့၏။ ဖုန်းဖြင့် ကန်တော့ပြီး မိဘများက ဖုန်းဖြင့် ဆုများပေးကြ၏။
ဖုန်းဆက်ပြီး အိမ်ပြန်ရောက်သောအခါ အိမ်ရှင်သူငယ်ချင်း၏ အမျိုးသမီးက ဆီမီးထွန်းနေလေပြီ။ စင်္ကာပူ မှာတော့ ကျွန်တော်တို့မှာ ကန်တော့စရာ လူကြီးမိဘ မရှိ။ သူငယ်ချင်းများလည်း ထို့အတူ။ ကျွန်တော်တို့ကို လာကန်တော့မည့် သူများလည်း မရှိ။ သူငယ်ချင်း၏ အမျိုးသမီးပင် ကျွန်တော့်ဇနီးသည် ပြောပြ၍ လပြည့်နေ့ကို သတိရသွားတာဖြစ်သည်။
ကျွန်တော့် အတွေးမှာ မြန်မာပြည် သီတင်းကျွတ်ကို ပြေးမြင်၏။ စင်္ကာပူမှာ သီတင်းကျွတ်ဆိုသည်ကား မေ့နေသူများသည်ဟု ထင်သည်။ ကိုယ့်အလုပ်နှင့်ကိုယ်မို့ ဘာနေ့မှန်းမသိကြ။ အားလုံးသည် ခြောက်ကပ်ကပ်။ ။
ဆူးသစ်
၁၉း၁၄ နာရီ
၂၈.၁၀.၂၀၁၀
ဘာသာဝင် မြန်မာတို့၏ တိုင်းပြည်တွင် ကြည်နူးစရာ ကောင်းလှ၏။လပြည့်နေ့နားနီးစဉ်က အိမ်ကိုဖုန်းဆက်ရင်း လပြည့်ကျော်တစ်ရက်မှာ ဖုန်းခေါ်၍ မိဘများကို ကန်တော့မည် ဖြစ်ကြောင်း ကြိုပြောထား၏။ လပြည့်နေ့နံနက် Site ထဲမှာ အလုပ်သမားများကို Safety နှင့် ပတ်သက်၍ ပြောရသော ဟောပြောပွဲငယ် (Tool Box Talk) မှာ မြန်မာများကို နေ့ထူးနေ့မြတ်နှင့် ပတ်သက်ပြီး ပြောစရာ ရှိသောကြောင့် မြန်မာလိုပြောခွင့်ပြုရန် Construction Manager ထံ ခွင့်တောင်းပြီး သတိပေးစကား အနည်းငယ် ပြောပြဖြစ်သည်။
' ယနေ့လပြည့်နေ့ဖြစ်ကြောင်း၊ ဘုရားဆွမ်းကပ်၊ ဆီမီးထွန်း၊ မိဘများထံ လပြည့်ကျော်တစ်ရက်မှာ ဖုန်းဖြင့် လှမ်းဆက်၍ ကန်တော့သင့်ကြောင်း၊ ချစ်သူရည်းစား ရှိသူများ ဖုန်းခအကုန်ခံ၍ ဆက်သလို၊ မိဘများကို ကန်တော့ခြင်းဖြစ်၍ ပိုဆက်သင့်ကြောင်း' သတိပေးလိုက်သည်။ တချို့ဆို ကျွန်တော်ပြောမှ လပြည့်နေ့မှန်း သိကြောင်း၊ ဟောပြောပွဲ အပြီး လာပြောကြသည်။
အိမ်မှာတော့ ယခင်နေ့ကတည်းက ဇနီးသည်က Clementi NTUC မှ သစ်သီးများ ၀ယ်လာသည်။ မိုးမလင်းခင် ကျွန်တော် အလုပ်မသွားမီမှာ ဆွမ်းရော၊ သစ်သီးပါ အဆင်သင့် ပြင်ပေး၏။ ဘုရားဆွမ်းကပ်ပြီး ကျွန်တော် အလုပ်သွားခဲ့သည်။ ဇနီးက လပြည့်နေ့မှာ ဥပုသ်စောင့်၏။
လပြည့်ကျော်တစ်ရက်နေ့မှာတော့ အလုပ်က အပြန်ညနေမှာ အိမ်ကိုဖုန်းဆက်၍ အမေ နှင့် အဖေကို ကန်တော့သည်။ ရန်ကုန်မှာ ရှိစဉ်ကတည်းက 'ကာယကံ၊ ၀စီကံ၊ မနောကံ နှင့် ပြစ်မှားမိလျှင် ခွင့်လွှတ်ပါ' ဟု ဆိုကာ ကန်တော့ နေကျ။ ဇနီးသည်လည်း သူ့အဘိုး၊ အဘွားအိမ် လှမ်းဆက်သည်။ သူ့မိဘများ၊ အဘိုး၊ အဘွားအိမ် ရောက်နှင့် နေသည်ကို သိ၍ ဆက်လိုက်ရာ တစ်ချက်ခုတ် လေးငါးချက် ပြတ်တော့သည်။
မိဘများသာမက၊ အဒေါ်များပါ ရောက်နေ၍ အားလုံးကို ရော၍ ကန်တော့လိုက်သည်။ တချို့ အဒေါ်များက ကန်တော့ ခံချင်၍ လှမ်းပြီးစနောက်ကြရာ ကျွန်တော်က 'မြန်မာထုံးစံ ကန်တော့ပြီး မုန့်ဖိုးပြန်ပေးရမယ်နော်' ဟု ဆိုရာ 'လေနဲ့ကန်တော့တာ လေပဲပြန်ရမှာပေါ့' ဟု ပြန်စကြ၏။ အားလုံးသည် ပျော်ရွှင် ကြည်နူးနေကြသည့်ပုံ။ ဇနီး၏အဒေါ်များက သူတို့မိဘများကို ကန်တော့ကြသည်ဟု သိရ၍ ဇနီးသည်၏ အဘိုး၊ အဘွားအိမ်မှာ လူစုံနေသည့်နှယ်။
ကျွန်တော်တို့ အိမ်မှာလည်း အစ်ကိုကြီးနှင့် ညီလေးက မိဘများကို ကန်တော့ပြီးလေပြီ။ ကျွန်တော်က အဘိုးပဲ ရှိတော့၍ အဘိုး နှင့် အိမ်မှာရှိသော အဒေါ်ကို လှမ်းကန်တော့၏။ ဖုန်းဖြင့် ကန်တော့ပြီး မိဘများက ဖုန်းဖြင့် ဆုများပေးကြ၏။
ဖုန်းဆက်ပြီး အိမ်ပြန်ရောက်သောအခါ အိမ်ရှင်သူငယ်ချင်း၏ အမျိုးသမီးက ဆီမီးထွန်းနေလေပြီ။ စင်္ကာပူ မှာတော့ ကျွန်တော်တို့မှာ ကန်တော့စရာ လူကြီးမိဘ မရှိ။ သူငယ်ချင်းများလည်း ထို့အတူ။ ကျွန်တော်တို့ကို လာကန်တော့မည့် သူများလည်း မရှိ။ သူငယ်ချင်း၏ အမျိုးသမီးပင် ကျွန်တော့်ဇနီးသည် ပြောပြ၍ လပြည့်နေ့ကို သတိရသွားတာဖြစ်သည်။
ကျွန်တော့် အတွေးမှာ မြန်မာပြည် သီတင်းကျွတ်ကို ပြေးမြင်၏။ စင်္ကာပူမှာ သီတင်းကျွတ်ဆိုသည်ကား မေ့နေသူများသည်ဟု ထင်သည်။ ကိုယ့်အလုပ်နှင့်ကိုယ်မို့ ဘာနေ့မှန်းမသိကြ။ အားလုံးသည် ခြောက်ကပ်ကပ်။ ။
ဆူးသစ်
၁၉း၁၄ နာရီ
၂၈.၁၀.၂၀၁၀
0 comments:
Post a Comment