Sunday, October 17, 2010

"လက်နှစ်ဖက်"


လက်တစ်ဖက်က လက်တစ်ဖက်ကိုဆွဲတယ်
လက်တစ်ဖက်က လက်တစ်ဖက်ကိုဆုပ်ကိုင်တယ်
ဒီလိုနဲ့လက်နှစ်ဖက်ဖြစ်ခဲ့တယ် ။

အဲဒီလက်နှစ်ဖက်နဲ့ပဲချစ်ခြင်းဟာ ထာဝရတည်တယ်
အဲဒီလက်နှစ်ဖက်နဲ့ပဲဘ၀တစ်ခု တည်ဆောက်တယ်
အဲဒီလက်နှစ်ဖက်နဲ့ပဲ အရာရာအားလုံးကို ကျော်ဖြတ်တယ်
ချစ်သူ.......ကိုယ့်လက်တစ်ဖက်ရယ် မင်းလက်တစ်ဖက်ရယ်
တစ်သက်တာအတွက်ဖမ်းဆုပ်လို့ မြဲစေမယ် ။ ။

သားလတ်


(ကျွန်တော်နှင့်ကျွန်တော့်ချစ်သူလက်ထပ်ပြီးနောက် Gtalk တွင် ကျွန်တော်တို့နှစ်ယောက်စလုံးအတွက် ပထမဆုံးတင်သောကဗျာ)

4 comments:

စန္ဒကူး said...

ကဗျာလေးဖတ်သွားတယ်..
သိပ်အသက်ဝင်တယ်.
ခံစားချက်နဲ့စပ်တဲ့ကဗျာတိုင်း ခံစားတတ်တဲ့သူအတွက် အဖိုးမဖြတ်နိုင်တဲ့ စာတန်း လေးတွေပါ..
ဆူးသစ် ချစ်သူလေးလဲအမြဲမှတ်မိနေမှာပါ..

မြောက်ဒဂုံကလား.. နယ်တူတယ်. ဟီးးဟီးး

မိုးယံ said...

ဟုတ်တယ် နှစ်ဖက်ပဲ တွဲတာ ကောင်းတယ်

မယုံရင် လေးဖက်တွဲကြည့်ပါလား။ လမ်းလျှောက်ရတာတောင် အဆင်ပြေမှာ မဟုတ်ဘူး

ဟာဟ နောက်တာနော် တစ်ကယ်

minnoo said...

အရမ်းကောင်းတဲ့ကဗျာလေးပါ

ရင်လှိုင်းခတ်သံ said...

လက်တစ်ဖက်က လက်တစ်ဖက်ကို ဆွဲတယ်..လက်တစ်ဖက်က လက်တစ်ဖက်ကို ဆုပ်ကိုင်တယ်..ဒါဆို လက်နှစ်ဖက် ဖြစ်ပြီပေါ့..။ ဆွဲတဲ့လက်နဲ့ ဆုပ်ကိုင်ထားတဲ့လက် ခိုင်မြဲပါစေလို့ ဆုတောင်းမိပါတယ်..။

Related Posts Plugin for WordPress, Blogger...